“Quantum Geographic Information System (QGIS) အားအသုံးပြု၍ သစ်တောမြေပုံထုတ်လုပ်ခြင်းနှင့် အခြေခံစာရင်းအင်းပညာ (Statistics)အသုံးချခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းကျင်းပ

“Quantum Geographic Information System (QGIS) အားအသုံးပြု၍ သစ်တောမြေပုံ ထုတ်လုပ်ခြင်းနှင့် အခြေခံစာရင်းအင်းပညာ (Statistics)အသုံးချခြင်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၈နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြောင်း သတင်းရရှိသည်။

date: 
Thursday, June 22, 2023 - 10:15