၁၃-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၉၄၅၈)တန်၊ သစ်မာ (၂၅.၉၆၈၆)တန်၊ အခြား (၂၀.၅၆၀၆)တန်၊ စုစုပေါင်း (၆၀.၄၇၅၀)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဝေါဘိနယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၆၆/၃)နှင့် (၆၆/၄)ကြား၊ လမ်း၏ဝဲဘက်ရှိ PUMA ဆီဆိုင်ရှေ့မှ တရား မဝင် ပျဉ်းကတိုး ခွဲသား/လျှာထိုး (၁၂၁၈၂)ချောင်း (၁၄.၄၉၃၆)တန်၊ (၂၂)ဘီး(တွဲ) ယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Wednesday, October 22, 2025 - 15:15
