၁၈-၁၂-၂၀၂၃ ရက်နေ့မှ ၂၄-၁၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၄၅၃၂)တန်၊ သစ်မာ (၃၇.၅၇၃၈)တန်၊ အခြား (၄၇.၇၈၃၄)တန်၊ စုစုပေါင်း (၉၅.၈၁၀၄)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၄) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၁၂-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(က)ဘိနယ်၊ ပန်းတောင်း- တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၉၂/၂)၊ ညောင်ကျိုးကျေးရွာအနီး၊ သူရဲတန်း ကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်းမှ တရားမဝင် ပျဉ်းကတိုးဗုံတို (၁၄၃၅)လုံး (၃၀.၀၅၄၀)တန်၊ ထင်း (၆၃.၄၀၉၅)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/2_113.jpg?itok=nlY_X1ad)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/3_49.jpg?itok=Tv_EArI5)
date:
Wednesday, December 27, 2023 - 10:00