ပြင်ဦးလွင်မြို့ ၊ မြန်မာနိုင်ငံသစ်တောကျောင်း ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအစည်းအဝေးခန်းမ၌ (၂၂ - ၁၀ -၂၀၂၅) ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ပြင်ဦးလွင်မြို့ ၊ မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၈) သင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပရာ ဥက္ကဋ္ဌ၊ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းအမှတ်စဉ် (၁၁၈)၏ သင်တန်းကာလတွင်းဆောင်ရွက်မူများ ၊ သင်တန်းဆင်းပွဲ ကျင်းပမည့်အစီအမံများ၊ သင်တန်းသားများ အရည်အချင်းစစ်ဆေးခြင်း ရမှတ်များ၊ ထူးချွန်ဆုရွေးချယ်ခြင်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြပါသည်။

အစည်းအဝေးသို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

date: 
Wednesday, October 22, 2025 - 17:45