သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၌ လစ်လပ် လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်း ကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄၁)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

date: 
Thursday, October 23, 2025 - 08:45