သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၁-၁-၂၀၂၄)ရက်နေ့တွင် ဝန်ထမ်းမိသာစု နှစ်သစ်ကူးကံစမ်းမဲဖောက်ခြင်းအား ညွှန်ကြားရေးမှူးချုပ်တက်ရောက်အားပေးခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်သစ်ကူးကံစမ်းမဲဖောက်ခြင်းအခမ်းအနားအား (၁-၁-၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး ဦးစီးရုံးချုပ်ရှိ ဌာန(၁၁)ခုမှ ဝန်ထမ်းများ အား ဗလာမပါကံစမ်းမဲဖောက်ပေးခြင်းပြုလုပ်ပေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဝန်ထမ်းမိသားစုများ ပျော်ရွင်စွာဖြင့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။

date: 
Tuesday, January 2, 2024 - 01:30