ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၆-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က(၁)၊ ပဲခူးမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၁၀)ဦး၊ ကျောင်းသား/ကျောင်းသူများ (၃၀၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၂၀)ဦး၊ စုစုပေါင်း (၃၃၀)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် အ.ထ.က(၁)၊ ပဲခူးမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်လဲ့လဲ့မော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး-၂မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။








