မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှမကွေးမြို့၊ ချောင်းဖြူ (အ.လ.က)ကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(တိုင်းအဆင့်)ကိုကျင်းပ

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၈.၁၁.၂၀၂၅)ရက်နေ့တွင် မကွေးမြို့၊ ချောင်းဖြူ (အ.လ.က)ကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ (တိုင်းအဆင့်)ကို တိုင်း/ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူအင်အား တက်ရောက်သူ (၁၄၅)ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး၊ တိုင်း/ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးအရာရှိတို့မှ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခြင်း၊ ကျောင်းစာကြည့်တိုက်အသုံးပြုရန် သစ်တောကြေးမုံစာအုပ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Saturday, November 8, 2025 - 15:00