နေပြည်တော်၊ သစ်တောဦးစီးဌာနမှ နေပြည်တော်အဆင့် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား အ.ထ.က(၁၂)၊နေပြည်တော်တွင်ကျင်းပ

နေပြည်တော်၊ သစ်တောဦးစီးဌာနမှ(၇.၁၁.၂၀၂၅)ရက်၊ သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အဆင့် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား အ.ထ.က(၁၂)၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားတွင် နေပြည်တော်၊ သစ်တောဦးစီဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအကြောင်းအရာများအားဟောပြောပို့ချခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ဟောပြောပွဲသို့ အ.ထ.က(၁၂)၊ နေပြည်တော်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၈)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Saturday, November 8, 2025 - 15:30