၂၀၂၄ခုနှစ် ဖေဖော်ဝါရီလတွင်ကျင်းပပြုလုပ်မည့် မိုးယွန်းကြီးအင်းဘေးမဲ့တော၌ World Wetland Day အခမ်းအနားနှင့်ပုပ္ပါးတောင်အမျိုးသားဥယျာဉ်၌ Popa Mountain National Geopark ဆိုင်းဘုတ်ဖွင့်လှစ်ပွဲအခမ်းအနားများကျင်းပရန်အတွက်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ကျင်းပပြုလုပ်မည့် World Wetland Day အခမ်းအနားနှင့် ဖေဖော်ဝါရီလ လကုန်ပိုင်းတွင် ပုပ္ပါးတောင်အမျိုးသားဥယျာဉ်၌ ကျင်းပပြုလုပ်မည့် Popa Mountain National Geopark ဆိုင်းဘုတ်ဖွင့်လှစ်ပွဲ အခမ်းအနားများ အတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၇-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများမှ အခမ်းအနားများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေ(FRA 2025) တွက်ချက် ထုတ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်မှုအခြေအနေများကို စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းမှ ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-2116b2a70e38d2f1485261498cc456a9-V.jpg?itok=U-3M9KL8)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-e480a3cb82fa8c562295661c5683574d-V.jpg?itok=GAiNtU7J)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-4cd3301f5cf807b7020c4e2981b6adab-V.jpg?itok=_2WCyuPw)