တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ခရိုင်အဆင့်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်ခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလွင်ကိုဦး မှ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုး အစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများအား ဟောပြောခဲ့ပြီး ထားဝယ်မြို့နယ်၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ သစ်တောအမျိုးအစားများ၊သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်တောများ၏ အခန်းကဏ္ဍ၊ သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့ပါကြောင်းနှင့် သူနာ​ပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူဆရာမ (၅)ဦး၊ သင်တန်းသား/သင်တန်းသူ(၁၅၄) ဦး၊ သစ်တောဝန်ထမ်း(၆)ဦး၊ တက်ရောက်သူ ကျား (၂၂)ဦး၊ မ (၁၄၃)ဦးဖြင့် စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, November 14, 2025 - 09:15