မူဆယ်မြို့၊ အ.ထ.က(၂) တွင်"သစ်​တောထိန်းသိမ်း​ရေး၊ ​တောမီးကာကွယ်​​ရေးနှင့် မီးခိုမြူ​ငွေ့​လျှောချ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ(ခရိုင်အဆင့်)" အားကျင်းပ

(၁၃-၁၁-၂၀၂၅)ရက်​​နေ့ (၁၀၃၀)နာရီအချိန်တွင် "သစ်​တောထိန်းသိမ်း​ရေး၊ ​တောမီးကာကွယ်​​ရေးနှင့် မီးခိုမြူ​ငွေ့​လျှောချ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ(ခရိုင်အဆင့်)" အား မူဆယ်မြို့၊ အ.ထ.က(၂) တွင်​ဆောင်ရွက်ရာ ဦးမိုးဟိန်း(လက်​ထောက်ညွှန်ကြား​ရေးမှူး)၊ ခရိုင်သစ်​တောဦးစီးဌာနမှူးရုံး၊ မူဆယ်ခရိုင်မှ သစ်​တောထိန်းသိမ်း​ရေးဆိုင်ရာနှင့် မီးခိုးမြူ​ငွေ​လျှော့ချ​ရေးလုပ်ငန်းများကိုလည်း​ကောင်း၊ ဦးဆန်းဦး(လက်​​ထောက်ညွှန်ကြား​ရေးမှူး)၊ ခရိုင်စိုက်ပျိုး​ရေးဦးစီဌာနမှ အီးအမ်ဘိုကာချီပြုလုပ်သုံးစွဲခြင်းအ​ကြောင်းအရာအားလည်း​ကောင်း၊ ဦးမိုး​အောင်(လက်​ထောက်ညွှန်ကြား​ရေးမှူး)၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ​ကျေးလက်​ဒေသစိမ့်စမ်း​ရေသွယ်ခြင်းနှင့် သဘာဝ​ရေးထွက်​တောများထိန်းသိမ်းခြင်းအ​ကြောင်းအရာအားလည်း​ကောင်း၊ ဦးလွမ်းမိုး​အောင်(ဦးစီးအရာရှိ)၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ​တောမီးကာကွယ်ခြင်းအ​ကြောင်းအရာအားလည်း​ကောင်း ​ဟော​ပြော​ဆောင်ရွက်ခဲ့ပြီး ​၁၁၅၀ နာရီအချိန်တွင်ပြီးစီးပါသည်။ ဟော​ပြောပွဲသို့ ​ကျောင်းသား ၇၂ ဥိး ၊ ​ကျောင်းသူ ၆၄ ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ/​ကျောင်ဆရာ/ဆရာမများ ကျား၂၀ ဦး၊ မ ၁၀ ဦး၊ စုစု​ပေါင်း ကျား ၉၂ ဦး၊ မ ၇၄၊ ကျား/မ​ပေါင်း ၁၆၆ ဦး တက်​ရောက်ပါသည်။ သတင်းပါရှိ​ရေး ခရိုင်ပြန်/ဆက်ဖြင့်ဆက်သွယ်​​ဆောင်ရွက်ထားရှိပါ​ကြောင်းသတင်းရရှိသည်။

date: 
Friday, November 14, 2025 - 09:15