မိုင်းဖြတ်မြို့နယ်၊သစ်တောဦးစီးဌာန၊သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍(၁၆.၁၁.၂၀၂၅)ရက်နေ့(၁၂:၃၀)နာရီအချိန်မိုင်းဖြတ်မြို့နယ်၊ဆိုက်ခေါင်ကျေးရွာ၊ေကျးရွာခန်းမဆောင်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာမိုင်းဖြတ်မြို့နယ်၊မြို့နယ်သစ်ေတာဦးစီးဌာနမှူးဦးမြင့်ဌေးမှတောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ဘိနယ်တာဝန်ခံဦးဝင်းအောင်၊တောအုပ်မှသစ်တောထိန်းသိမ်းရေးသိကောင်းစရာများကိုလည်းေကာင်းဟောပြောပို့ချခဲ့ပြီးတက်ရောက်လာသူများကသိလိုသည်များကိုမေးမြန်းခဲ့ရာမြို့နယ်သစ််ေတာဦးစီးဌာနမှူးမှပြန်လည်ဖြေကြားခဲ့ပါသည်။ကျေးရွာဘုရားကျောင်းအတွက်အလှူငွေများပေးအပ်ခဲ့ပြီးဟောပြောပွဲအား(၁၄:၀၀)နာရီအချိန်တွင်ပြီးစီးခဲ့ပါသည်။ဟောပြောပွဲတွင်ကျေးရွာသူ(၅၀)ဦး၊ကျေးရွာသား(၄၂)ဦး၊စုစုပေါင်း(၉၂)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။


