သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၂၄-၁၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ (၂၀) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာဝင်းမောင်အေး (ဒုတိယညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းမှ လာအိုနိုင်ငံတွင် တက်ရောက်ခဲ့သည့် သဘာဝအခြေပြု ဆောင်ရွက်ချက်များအတွက် ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလည်းကောင်း၊ ဦးစီးအရာရုှိ ဦးရဲလွင်ဦးမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တက်ရောက်ခဲ့သည့် Applied AI Tools for Smater, Secure and Ethical Practices သင်တန်းအား လည်းကောင်း၊ တောအုပ်ကြီး ဦးညီသုတမှ ဖင်လန်နိုင်ငံ၊ ဂျာမနီနို်င်ငံ၊ စပိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဩစတြီးယားနိုင်ငံနှင့် ရိုမေနီးယားနိုင်ငံများတွင် တက်ရောက်ခဲ့သည့် သစ်တောပညာဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။
