သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သစ်တောဦးစီးဌာန၏သစ်တောလုပ်ငန်းများကွင်းဆင်းစစ်ဆေး

(၂၇-၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒက္ခိဏ သီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း၊၊ အကွက် (၇၇) ရှိ ၂/၂၀၂၂၊ ရေဝေရေလဲစိုက်ခင်း (၅၀) ဧကရှင်သန် အောင်မြင်မှုအခြေအနေများအား လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ပျိုးဥယျာဥ်အတွင်း ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီအတွင်း နိုင်ငံတော်အဆင့်၊ သစ်ပင်စိုက်ပျိုးပွဲဖြင့် စိုက်ပျိုးထားရှိသည့် စိုက်ကွက်များ၏ ရှင်သန်အောင်မြင်မှု အခြေအနေများနှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ၊ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာ ရှင်းလင်းခြင်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှူ့ စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, January 27, 2024 - 13:45