၁-၁၂-၂၀၂၅ ရက်နေ့မှ ၇-၁၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၄၆၀၂)တန်၊ သစ်မာ (၁၃.၅၀၁၂)တန်၊ အခြား (၉၀.၈၀၄၃)တန်၊ စုစုပေါင်း (၁၁၅.၇၆၅၇)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၂-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သပြေဝ(၁-က)ဘိနယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၇/၁)မိုင်၊ ဘုန်းတောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၅၁)၊ ဒေသအခေါ် (၇)မိုင်ကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်၊ ခွဲသား (၅၆)လုံး/ချောင်း (၁၀.၅၉၂၄)တန်၊ ကညင်ခွဲသား (၁၉)ချောင်း (၃.၁၈၁၆)တန် ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date:
Tuesday, December 9, 2025 - 16:00
