သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အစောင့် ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်း ကျပ် ၁၄၄၀၀၀- ၂၀၀၀-၁၅၄၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ၂၇-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲ ဖြေဆိုသူများအနက် အောက်ဖော်ပြပါ (5)ဦးကို ၃၀-၁-၂၀၂၄ ရက်နေ့(အင်္ဂါနေ့) နံနက်(၀၉:၃0) နာရီမှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွား မည်ဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှတ်ချက်
၁ အစောင့်-၁ ဒေါ်သူသူကျော် ၉/ဇယသ(နိုင်)၀၁၇၄၄၃
၂ အစောင့်-၂ ဒေါ်မြင့်အေး ၉/ဇဗသ(နိုင်)၀၀၆၆၂၀
၃ အစောင့်-၃ ဒေါ်နှောင်း ၈/မကန(နိုင်)၂၁၄၈၂၅
၄ အစောင့်-၄ ဒေါ်လှသူဇာနွယ် ၁၄/သပန(နိုင်)၁၃၃၆၇၆
၅ အစောင့်-၅ ဒေါ်ခင်မာဝေ ၁၂/အစန(နိုင်)၁၉၃၀၀၇
၂။ လူတွေ့ဖြေဆိုမည့်သူများအနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေး ဌာနသို့ နံနက်(၀၉:၁၅)နာရီအရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက် သတင်းပေးပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့်သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း
( ခ) အခြေခံပညာ မူလတန်းအောင်လက်မှတ် မူရင်း
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန

date: 
Monday, January 29, 2024 - 15:15