(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (ဒုတိယနေ့)ဆက်လက်ကျင်းပပြုလုပ်

(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဒုတိယနေ့အဖြစ် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ရေဆင်း၊ သစ်တောသုတေသန၊ စုဝေး ခန်းမ၌ (၂၁-၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သဘာပတိ များအဖြစ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဆင့်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရိုစီနေဝင်းတို့မှ ဆောင်ရွက်ခဲ့ကြပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ကာဗွန်ဆိုင်ရာ စာတမ်း(၂)စောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာစာတမ်း(၄)စောင်၊ သစ်ဂုဏ်သတ္တိနှင့် သစ်အသုံးချခြင်းဆိုင်ရာ စာတမ်း(၅) စောင်၊ မြေအသုံးချမှုပြောင်းလဲခြင်းအား RS, GIS အသုံးပြု၍ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ စာတမ်း(၂)စောင်တို့အား ဖတ်ကြားခဲ့ရာ တက်ရောက်လာသူများမှ ဆွေးနွေးခြင်း၊ အကြံပြုခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ ယနေ့စာတမ်းဖတ်ပွဲ အခမ်းအနားသို့ သဘာပတိများ၊ သုတေသီများ နှင့် တက်ရောက်လာသူများစုစုပေါင်း(၉၀)ဦး ရှိကြောင်းသိရှိရပါသည်။

date: 
Wednesday, February 21, 2024 - 15:15