မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၂၀) ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံ လမ်းညွှန်မှုခံယူနိုင်ရန် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းဝေးကို Hybrid အစီအစဉ် (လူကိုယ်တိုင်+အွန်လိုင်း)ဖြင့် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများ၊ လုပ်ငန်း/ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ် ကြီးနှင့် ဒုတိယကျောင်းအုပ်၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူများ စုစုပေါင်း(၂၆) ဦးတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံသစ်တော ကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ သစ်တောကျောင်း သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံသစ်တောကျောင်း တည်ထောင်ဖွင့်လှစ်ရခြင်းရည်ရွယ် ချက်၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၉) ဖွင့်လှစ်ပို့ချနေမှု အခြေအနေနှင့် အမှတ်စဉ်(၁၂၀)ဖွင့်လှစ်ပို့ချနိုင်ရေး သင်တန်းသားခေါ်ယူနိုင်မှုအခြေအနေများနှင့်စပ်လျဉ်း ၍ ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Friday, January 30, 2026 - 09:30