သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ (၃) ရပ် သုတေသန ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၃-၂-၂၀၂၆ ရက်၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ (၃) ရပ် သုတေသန ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပရာ သုတေသန ပူးပေါင်း ဆောင်ရွက်ရေး ဥက္ကဋ္ဌ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက် အမှာစကားပြောကြားသည်။
အစီအစဉ်အရ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ပူးပေါင်းသုတေသန အဆိုပြုလွှာများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ အသီးသီး၏ ရှင်းလင်း တင်ပြမှုများအပေါ် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေး ဆုံးဖြတ်ကြသည်။
အစည်းအဝေးသို့ သုတေသနပူပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သစ်တောဦးစီးဌာန ရုံးချုပ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူ များ တက်ရောက်ကြကြောင်းနှင့် သုတေသနပူပေါင်းဆောင်ရွက်ရေးအဖွဲ့သည် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ(၃)ရပ်မှ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပိုမို တိုးတက်လာစေရန် ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
