၂၆-၁-၂၀၂၆ ရက်နေ့မှ ၁-၂-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၀၅၇၄)တန်၊ သစ်မာ (၁၅.၃၄၈၆)တန်၊ အခြား (၃၂.၄၁၇၂)တန်၊ စုစုပေါင်း (၆၀.၈၂၃၂)တန်၊ ယာဉ်/ယန္တရား (26)စီး၊ တရားခံ (6)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၁-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့မ(၃)ဘိနယ်၊ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး ဆက်သွယ်ထားသော (၃၂)မိုင် လုံခြုံရေးစစ်ဆေးရေးဂိတ် အနီး၊ မိုင်တိုင်အမှတ် (၁/၇) နှင့် (၁/၈)ကြားနေရာမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၂၇၃)ချောင်း (၁၄.၂၄၃၄)တန်၊ (၁၀)ဘီးယာဉ် (၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။

date: 
Thursday, February 5, 2026 - 11:30