သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၂၃-၂-၂၀၂၆)ရက်၊ တနင်္လာနေ့(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက် ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်း ဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၉၉) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီးနှင့် ဦးစီးအရာရှိ (၂၅) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာသင်းသင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်း အင်းဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမောင်အေး (ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနခွဲ) မှ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ညီလာခံ အားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဖုန်းဝေ (သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ကျင်းပသော မဟာမဲခေါင်ဒေသတွင်း နိုင်ငံများတွင် သဘာဝအခြေခံဖြေရှင်းခြင်းနှင့် ဂေဟစနစ်အခြေပြု အကဲဖြတ်ခြင်းလုပ်ငန်းမှတစ်ဆင့် ရေဝပ်ဒေသစီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါက်တာစုမြတ်မွန် (စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ)မှ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပသော သစ်ကာကွယ်မှုကွန်ရက် အဖြစ် သစ်တောများ၏အခန်းကဏ္ဍမြှင့်တင်ခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာတက်ရောက်လာသူများ၏မေးခွန်းမေးမြန်းများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။

date: 
Monday, February 23, 2026 - 19:00