၁၆-၂-၂၀၂၆ ရက်နေ့မှ ၂၂-၂-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉.၇၉၃၉)တန်၊ သစ်မာ (၃၇.၄၅၅၈)တန်၊ အခြား (၁၂၉.၇၅၅၄)တန်၊ စုစုပေါင်း (၁၇၇.၀၀၅၁)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၁၉)ဦး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၂-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သရက်ပင်ဘိနယ်၊ ရမန်း ကျေးရွာအနောက်တောင်ဘက်နေရာများနှင့် ရမန်းချောင်းအနီးဝန်းကျင် တို့မှ တရားမဝင် အင် သစ်လုံး/လုံးပတ်(၃)ပေအာက်သစ် စုစုပေါင်း (၁၀၈)လုံး (၃၆.၂၁၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည်။

date:
Wednesday, February 25, 2026 - 10:45
