မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့၏ သတ္တမအကြိမ်အစည်းအဝေးကျင်းပ
၁၅-၃-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၃:၃၀) အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သောမြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ သတ္တမအအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့၊ အတွင်းရေးမှူးက ဆဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အမျိုးသားမြေအသုံးချမှုကောင်စီ၊ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှအရာရှိကြီးများ၊ တပ်မတော်အရာရှိ ကြီးများက မိမိတို့အခန်းကဏ္ဍအလိုက် လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးတင်ပြချက်များအပေါ် တက်ရောက်လာသည့် ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ၊ နည်းပညာရှင်များနှင့် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-b4714e6873fd9d1d022349ece4080ee4-V.jpg?itok=-8kr2PvW)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-4bf57dfae21aa98c8b6efd3d6368bd0e-V.jpg?itok=_ON0qAgT)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-aeb66e98243f9459fcc4154df48cefae-V.jpg?itok=xiNKZG3Q)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-f9a0386f22aba7e4df2ca4703c61d731-V.jpg?itok=gSL1BC4x)