ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် (၂၂-၂-၂၀၂၆)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၁၀)ဦး၊ မြန်မာ နိုင်ငံမြို့နယ်မီးသတ်တပ်ဖွဲ့မှ(၂)ဦး၊ မြို့နယ်အမျိုးသမီးရေးရာမှ(၅)ဦးနှင့် ကြို့ကုန်းကျေးရွာမှ အမျိူးသား (၂၇)ဦး၊ အမျိုးသမီး(၂၃)ဦး၊ စုစုပေါင်း အမျိုးသား(၃၉)ဦး၊ အမျိုးသမီး(၂၈)ဦး၊ စုစုပေါင်း(၆၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျော့ချရေးအတွက် Fire Hotspotsများ လျော့နည်းကျဆင်းအောင် ပတ်ဝန်းကျင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအကြောင်းနှင့် တော မီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုး မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ သစ်တောများ ထိန်းသိန်းရေး အကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာ ကြသည့် ကျေးရွာနေပြည်သူများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Friday, February 27, 2026 - 12:30