ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ မီးခိုးမြူငွေ့လျော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးရုံး၌ (၂၂-၂-၂၀၂၆) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် “မီးခိုးမြူငွေ့လျော့ချရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ ရာ ‌ဘန့်ဘွေးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ(၂၅)ဦး၊ မြန်အောင်မြို့နယ်သစ်တောဝန်ထမ်း (၅)ဦး၊ စုစုပေါင်းကျား(၃၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကောင်းခန့်ကျော်က မီးခိုးမြူ ငွေ့ဖြစ်ပေါ်ရမှုအခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း မှု၏ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တောသစ်ပင်များ၏အရေးပါမှုအကြောင်းအရင်းများနှင့် ပျက်စီး ပြုန်းတီးရခြင်းအကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ အားလည်းကောင်း၊ တောအုပ် ဦးကျော်ဇင်ဦးက သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ် များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တရားမဝင် သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးအား လည်း ကောင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။

date: 
Friday, February 27, 2026 - 12:45