ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ကွမ်းခြံကုန်းကျေးရွာဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ကွမ်းခြံကုန်းကျေးရွာဓမ္မာရုံ၌ “သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကို (၂၃-၂-၂၀၂၆)ရက်နေ့၊ (၁၄:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကွမ်းခြံကုန်းကျေးရွာမှ ကျား (၂၅) ဦး၊ မ(၃၂)ဦး၊တောအုပ်ကြီး၊ ဦးပိုင်ဇော်ပါ သစ်တောဝန်ထမ်း(၃)ဦး၊ ကျား(၂၈)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တောအုပ်ကြီး ဦးပိုင်ဇော်က မြန်မာနိုင်ငံရှိ တောအမျိုးအစားများ၊ ဂေဟ စနစ်များနှင့် ဇီဝမျိုးစုံ/မျိုးကွဲများ၏ အခြေအနေများ၊ သစ်တောနှင့် ဂေဟစနစ်များ ပျက်စီးရခြင်း အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hotspot ဖြစ်ထွန်းမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ဒီရေတော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည်။



