ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် တောမီးထိန်းသိမ်းကာကွယ် ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

(၆-၃-၂၀၂၆)ရက်နေ့၊ နေ့လည် (၀၁:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ သပြေကွင်းခေတ်မီစံပြကျေးရွာ၊ မိုးကောင်းစေတီဓမ္မာရုံတွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှ *မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ* ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သစ်တောဝန်ထမ်း(၅)ဦး၊ သပြေကွင်းခေတ်မီ စံပြကျေးရွာသား(၂၀)ဦး၊ ကျေးရွာသူ(၂၃)ဦး၊ စုစုပေါင်း (၄၈)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိ ရသည်။

date: 
Saturday, March 7, 2026 - 10:45