ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် ဒီရေတောထိန်းသိမ်းရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
(၉-၃-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းတွင် ဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်က ICM အစီအစဉ်အရပြည်သူလူထု ပူးပေါင်းပါဝင် သည့် ဒီရေတောထိန်းသိမ်းရေးနှင့် အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ(၂)ဦး၊ ဆရာမ(၅)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၁၄)ဦး၊ကျောင်းသား/သူ (၇၁)ဦး၊ ပေါင်း ကျား(၅၄)ဦး၊ မ(၄၂)ဦး၊ စုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။


date:
Tuesday, March 10, 2026 - 09:15
