သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြုလုပ်သည့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ဒါဘာအခမ်းအနားကျင်းပ

(၂၉-၃-၂၀၂၄)ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြုလုပ်သည့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ဒါဘာအခမ်းအနားကျင်းပဆောင်ရွက်ရာ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်း များတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဝန်ထမ်းများ၏ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ပေးပို့ တင်ပြခဲ့သည့်ဆန္ဒပြုလွှာ(၉)စောင်နှင့် သီးခြားဆန္ဒပြုတင်ပြချက်(၁)ခုအပေါ် ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

date: 
Friday, March 29, 2024 - 13:45