၂၅-၃-၂၀၂၄ ရက်နေ့မှ ၃၁-၃-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၀၆၃၆)တန်၊ သစ်မာ (၁၀.၉၁၅၈)တန်၊ အခြား (၅၁.၁၃၈၈)တန်၊ စုစုပေါင်း (၈၂.၁၁၈၂)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၃-၂၀၂၄ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ (၁၈)မိုင်ဘိနယ်၊ ကျိုင်းခမ်းကျေးရွာ အရှေ့ဘက် (၁၁)မိုင်ခန့်အကွာနေရာမှ တရားမဝင် အင်သစ်လုံး (၃၅)လုံး (၁၂.၀၃၂၀) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, April 2, 2024 - 12:45