မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကျင်းပ

(၁၁-၃-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၅)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို တောင်တွင်းကြီးမြို့နယ်၊ ရေဦးကျေးရွာအုပ်စု၊ ကျွဲဖြူကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာ ရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ရေဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျွဲဖြူကန်ကျေးရွာ၊ ရွာခွဲ တာဝန်ခံနှင့်ရပ်မိရပ်ဖ(၄)ဦး၊ ဒေသခံပြည်သူ ကျား(၁၄)ဦး၊ ကျေးရွာသူ မ(၄၄)ဦးနှင့် သစ်တော ဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၈)ဦး စုစုပေါင်း (၇၃)ဦးတို့ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးထွန်းထွန်းဝင်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာ များနှင့် သစ်တောသစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေးဆိုင်ရာများကို တက်ရောက်လာသူများ ထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိ လိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Friday, March 13, 2026 - 10:30