မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွဲဘက် ချောင်းဆုံမြို့နယ်တွင် Fire Hotspot ဖြစ်ပွားမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ၊ မီးခိုးမြူငွေ့နှင့် တောမီးအန္တရယ် လျှော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ

၁၃-၃-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တွဲဘက်ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် Fire Hotspot ဖြစ်ပွားမှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာ‌ပေး ဆွေး‌နွေးပွဲကျင်းပခဲ့ရာ ခရိုင်အဆင့်မီးခိုးမြူ‌ငွေညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ဝင်များ ဖြစ်သည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမင်းနိုင်‌ဦးမှ "မွန်ပြည်နယ်အတွင်း Fire Hotspot ဖြစ်ပွားမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ် ညမ်းမှု ထိန်းချုပ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်ဦးမှ "မီးဘေးအန္တရာယ်နှင့် Fire Hotspot လျော့နည်းကျဆင်းရေး" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မော်လမြိုင်-သထုံခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးကိုယ်စား၊ မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ် သစ်‌တော ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးဖြိုးသက်နိုင်-၂မှ "မီးခိုးမြူငွေ့နှင့် တောမီးအန္တရယ်လျှော့ချရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ ဒေါ်မိအေးသန္တာချိုမှ "ပိုးသတ်ဆေးနှင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုအန္တရာယ်" ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာများမှ မြို့နယ်တာဝန်ခံ (၃၂)ဦးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၄၄)ဦး၊ စုစုပေါင်း(၇၆)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Saturday, March 14, 2026 - 14:00