ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ ဆင်ကျူံးကျေးရွာ မူလတန်းကျောင်း၌ မီးခိုးမြူငွေ့လျော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၁၅-၃-၂၀၂၆)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ ဆင်ကျူံးကျေးရွာ မူလတန်းကျောင်း၌ “မီးခိုးမြူငွေ့လျှော့ ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ” ကျင်းပခဲ့ရာ မျှင်ဝါးတောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူး၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ကျား(၄၁)ဦး၊ မ(၁၃)ဦး၊ မြန်အောင်မြို့နယ် သစ်တောဝန်ထမ်း (၉)ဦး၊ စုစုပေါင်း(၆၃)ဦး၊ [ကျား-၅၀ ဦး၊ မ-၁၃ ဦး] တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးဇော်လင်းအောင် က *မီးခိုး မြူငွေ့ဖြစ်ပေါ်ရမှုအခြေအနေများ၊ နယ်မြေဖြတ်ကျော်မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း မှု၏ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏ အရေးပါမှုအကြောင်းအရင်းများ နှင့် ပျက်စီးပြုန်းတီးရခြင်း အကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလည်းကောင်း၊ တောအုပ် ဦးနေဒိုစိုး က သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း နည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တရားမဝင်သစ် ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး အားလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။


