တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း အသိပညာပေးဟောပြောပွဲကျင်းပ
၁၄-၃-၂၀၂၆ မှ ၁၅-၃-၂၀၂၆ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ဉီးစီးအရာရှိ၊ ဉီးစောလူးသယ်ရွှေ ဉီးဆောင်၍ မြို့နယ်သစ်တောဝန်ထမ်းများမှ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည် ထောင်ခြင်းအသိပညာပေးသင်တန်းကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်းသို့ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာမှဒေသခံပြည်သူများအမျိုးသား (၁၅)ဉီး၊ အမျိုးသမီး(၁၇)ဉီး၊ CF ဉက္ကဌနှင့် ရပ်မိရပ်ဖ(၁)ဉီး၊ စုစုပေါင်း(၃၂)ဉီး တက်ရောက်ခဲ့ ပါကြောင်း၊ ဘုတ်ပြင်းမြို့နယ်၊ သစ်တောဉီးစီးဌာနမှူးရုံး၊ မြို့မသစ်တောပျိုးဉယျာဉ်နှင့် အုန်း တောကမ်းကျေးရွာရှိ ဉီးမင်းမင်းနိုင်ပါ(၃၉)ဉီး၏ CF (၁၉၂)ဧကသို့ ကွင်းဆင်းလေ့လာခဲ့ပါ ကြောင်း၊ သင်တန်းသားများ သိရှိလိုသည်များအား ဖြေကြားရှင်းလင်းခဲ့ပါကြောင်း သိရှိရသည်။



