ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုန်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကျင်းပ
(၁၅-၃-၂၀၂၆) ရက်နေ့၊ (၀၈:၀၀) အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်၊ သောင်ခုန်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာအုပ် ချုပ်ရေးမှူး(၁)ဦး၊ ကျေးရွာတောင်သူကြီးများ ကျား(၁၉)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၃၅)ဦး၊ ကွမ်းခြံ ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးချမ်းမြေ့ ပါသစ်တောဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် တောအုပ် ဦးချမ်မြေ့က သစ်တောများကပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်း ရင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့ များဖြစ်ပေါ်စေသည့် တောမီးလောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များ၊အမှိုက်များ မီးရှို့ ၍ဖြစ်ပေါ်လာရသည့် Fire Hotspots အကြောင်းများ၊ရိုးပြတ်များ၊ အမှိုက်များအား မီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ ရိုးပြတ်များအားထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်းများ၊ လေထု ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံ သစ်တောရောနှောစိုက်ပျိုးရေး မီးဘေးလုံခြုံရေးဆိုင်ရာအကြောင်းများ ဆွေးနွေးဟောပြောခဲ့ ပါကြောင်းတင်ပြအပ်ပါသည်။


