မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ စီမံကိန်းကာလအလယ် အကဲဖြတ်ခြင်း(MRRP-Mid-term Evaluation)(၂/၂၀၂၄)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ စီမံကိန်းကာလအလယ်အကဲ ဖြတ်ခြင်း(MRRP-Mid-term Evaluation)(၂/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉-၄-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့် စိုက်ခင်း လုပ်ငန်းဌာနမှ ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များတင်ပြခြင်း၊ စီမံကိန်း ကာလလုပ်ငန်းများအလိုက် စိစစ်သုံးသပ်ရေး အဖွဲ့ခေါင်းဆောင်များမှ အကဲဖြတ်သုံးသပ်တင်ပြကြပါသည်။ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ကဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

date: 
Tuesday, April 9, 2024 - 16:00