၁-၄-၂၀၂၄ ရက်နေ့မှ ၇-၄-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၀.၆၇၇၁)တန်၊ သစ်မာ (၃၆.၇၄၇၅)တန်၊ အခြား (၇၂.၇၀၃၇)တန်၊ စုစုပေါင်း (၁၅၀.၁၂၈၃)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၄-၂၀၂၄ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်းကြိုး ဝိုင်း၊ အကွက်အမှတ်(၁၃၉)အတွင်းမှ တရားမဝင် တောင်တမာ/ဖက်ဝန်း/သစ်ယား/ တောင်မရိုး/မျောက်ငို/ပျဉ်းမ/ သစ်ရွှေ/မန်ကျည်း သစ်လုံး/သစ်ခြမ်း/သစ်စိပ် စုစုပေါင်း (၁၃၅)လုံး/ခြမ်း/စိပ် (၅၄.၆၁၇၂) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, April 10, 2024 - 10:15