ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းခြင်းဆိုင်ရာ Settlement Unit အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကျင်းပ

Settlement Unit အစည်းအဝေး (၁/၂၀၂၄) ကို (၁၀.၄.၂၀၂၄) ရက်နေ့၊ နံနက် (၁၀.၀၀) နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ဦးဖေချစ်တက်ရောက်အဖွင့် အမှာစကားပြော ကြားသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ ယခင်ကျင်းပ ပြီးစီးခဲ့သည့် (၃/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများတိုးချဲ့ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့သတ်မှတ်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်/တိုင်းဒေသကြီးနှင့် ပြည်နယ် Settlement Unit အဖွဲ့များမှကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းခြင်း ကိစ္စ ရပ်များ တင်ပြမှုအပေါ် ဦးဖေချစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒ/စီမံကိန်း)မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

date: 
Wednesday, April 10, 2024 - 16:15