ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ရေချွေတာရေးအသိပညာပေးဟော ပြောပွဲ ကျင်းပ

(၁၇-၃-၂၀၂၆) ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ရေသိုးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် “‌ရေချွေတာရေးအသိပညာပေးဟောပြော ပွဲ”ကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ကျေးရွာရာအိမ်မှူး၊ ရေသိုးကျေးရွာမှ ဒေသခံ ပြည်သူ(၂၅)ဦး၊ စုစုပေါင်း(၂၉)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ဦးဟိန်းစည်သူအောင်(တောအုပ်ကြီး)နှင့် ဦးမြင့်ဦး(တောအုပ်)မှ ရေ၏တန်ဖိုးနှင့် အရေးပါမှု၊ ကမ္ဘာ့ရေအရင်းအမြစ်အခြေအနေနှင့် ရေ ပြဿနာများ၊ ရေရှားပါးမှုဖြစ်စေသော အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် အခြေအနေ၊ ရေချွေတာခြင်း၏ အကျိုးကျေးဇူးများ၊ လက်တွေ့ကျင့်သုံးနိုင်သော ရေချွေတာနည်း လမ်းများ၊ ရေကို ပြန်လည်အသုံးပြုခြင်း (Water Reuse)၊ ရေရှည်တည်တံ့ခိုင်မြဲသော ရေ အသုံးပြုမှုအတွက် လူမှုအသိုက်အဝန်း၏ အခန်းကဏ္ဍ၊ ရေအရင်းအမြစ်များထိန်းသိမ်းရန် သစ်တောဦးစီးဌာနမှ လုပ်ဆောင်မှုများကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။

date: 
Thursday, March 19, 2026 - 16:15