မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့တွင် သစ်တောထိန်းသိမ်းရေး၊ တောမီး အန္တရယ်နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
၁၉-၃-၂၀၂၆ ရက်နေ့၊ အချိန်(၀၉:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ အမှတ်(၃၁)အကြီးစားစက်ရုံ(ဘိလပ်မြေစက်ရုံ)တွင် ကျင်းပပြုလုပ်သည့် အမျိုးသမီး များအပါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲတွင် သရက်ခရိုင်သစ်တော ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမိုးက သစ်တောထိန်းသိမ်းရေး၊ တောမီး အန္တရယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားအား ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ စက်ရုံမှူးနှင့် စက်ရုံဝန်ထမ်းများ အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ ပါကြောင်း သိရှိရသည်။




date:
Saturday, March 21, 2026 - 09:30
