ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း ကျေးရွာအုပ်စု၊ ဖာလိုင်ကျေးရွာတွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၁၉-၃-၂၀၂၆)ရက်နေ့ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာနကကြီးမှူး၍ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်း ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ" အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ - ဦးဇော်လှိုင်ဆွေက " သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး" သိကောင်းစရာများနှင့် "မီးခိုးမြူငွေ့လျော့ချရေး" တွင် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါကြောင်း၊
ဒေသခံများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေ့း ဖြေကြား ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးအပ်ခဲ့ပါ သည်။ ဟောပြောပွဲသို့ ကျား - (၈၆)ဦး၊ { ဒေသခံ ( ၈၁)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး} နှင့် မ- (၉)ဦး၊ စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။




