မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် သစ်တောများထိန်း သိမ်းရေး၊ ရေသံယံဇာတများထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
(၂၀-၃-၂၀၂၆)ရက်နေ့ (၁၄:၃၀)နာရီတွင် သစ်တောများထိန်းသိမ်းရေး၊ ရေသံယံဇာတ များထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက် ခြင်း၊ ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ ကုန်းသာအုပ်စု သဲပုတ်ကျေးရွာတွင် သစ်တော များထိန်းသိမ်းရေး၊ ရေသံယံဇာတများထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲဆောင်ရွက်ရာ ကျား(၂၆)ဦး၊ မ(၄၇)ဦး၊ ပေါင်း(၇၃)ဦး တက်ရောက် ခဲ့ပါသည်။
သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ခင်ဦးမှ သစ်တောသစ်ပင်များအား စိုက်ပျိုးပြုစုထိန်းသိမ်းရေး၊ ရွာချင်းဆက်လမ်းများတွင် သစ်ပင်များစိုက်ပျိုးရေး၊ သစ်တော သစ်ပင်များကို ထိန်းသိမ်းထားရှိပါမှ ရာသီဥတုကောင်းမွန်ပြီး မြေအောက်ရေများ ပြည့်တင်းလာ ကာ ရေကောင်းရေသန့်များ လုံလောက်စွာရရှိနိုင်ခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ၊ တောင် ယာများ၊ သစ်ရွက်ခြေက်များနှင့် စွန့်ပစ်အမှိုက်များ မီးရှို့မှုမပြုလုပ်ရေး၊ မီးခိုးများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ မျက်ခမ်းစပ်ရောဂါများ၊ ဖြစ်ပွားနိုင်ခြင်းကြောင့် မီးမရှို့ကြရန်နှင့် သစ်ပင်များအားရှင်သန်အောင်စိုက်ပျိုးထိန်းသိမ်းကြရန် ဟောပြောခဲ့ပါသည်။
ဆက်လက်ပြီး(၁၅:၄၅)နာရီတွင် ဖောင်းတောအုပ်စု ပေါ့အိုင်ရိုးကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း ဟောပြောပွဲ ဆောင်ရွက်ရာ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ခင်ဦးမှ မီးခိုးမြူငွေ့ များလျော့ချရေးအတွက် တောင်ယာများမီးမရှို့ရေး၊ စွန့်ပစ်အမှိုက်များမီးမရှို့ရေး၊ တောင်ယာ များတွင်မြက်နုရရှိစေရန်မီးမရှို့ရေး၊ ပေါ့ဆမီးလောင်ကျွမ်းမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ မီးရှို့ရာမှထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များအား သစ်ပင်များမှစုတ်ယူ ချေဖျက်ပြီး သန့်ရှင်းလတ်ဆတ်သော လေကိုထုတ်ပေးခြင်းကြောင့် သစ်ပင်များအား ရှင်သန် အောင်စိုက်ပျိုးကြရန်၊ ရှင်သန်လျက်ရှိသောသစ်တောများအား ထိန်းသိမ်းကြရန်၊ သစ်တော သစ်ပင်များ တည်ရှိပါမှ ရေကောင်းရေသန့်များလုံလောက်စွာရရှိပြီး သောက်သုံးရေရှားပါးမှုမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်းဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား(၃၁)ဦး၊ မ(၈၂)ဦး၊ ပေါင်း(၁၁၃)ဦး တက်ရောက်ပြီး ဟောပြောပွဲအား (၁၆:၂၀)အချိန်တွင် ပြီးဆုံးခဲ့ပါကြောင်း သိရှိ ရသည်။



