ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဒရယ်ပေါက်ကျေးရွာတွင် မီးခိုးမြူ ငွေ့လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၂၂-၃-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ ဒရယ်ပေါက်ကျေးရွာတွင် မြောင်းမြမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ - ဦးကျော်ထင်လတ် မှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သစ်တော ဝန်ထမ်း(၇)ဦး၊ ကျေးရွာသား(၃၆)ဦး၊ ကျေးရွာသူ(၂၁)ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၁)ဦး၊ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ပါ ကြောင်း သိရှိရသည်။


date:
Sunday, March 22, 2026 - 17:00
