ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ခိုတောင်ကျေးရွာတွင် ရေချွေတာ သုံးစွဲရေး အသိပညာပေးဟောပြောပွဲကျင်းပ

(၂၁-၃-၂၀၂၆)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ခိုတောင်ကျေးရွာ၊ လောကမာန်အောင်ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် *ရေချွေ တာသုံးစွဲရေးအသိပညာပွဲဟောပြောပွဲ*ကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၄)ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခိုတောင်ကျေးရွာမှ ဒေသခံပြည်သူ(၆၁)ဦး၊ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး၊ ဦးကိုကိုလေးမှ ရေ၏တန်ဖိုးနှင့် အရေးပါမှု၊ ကမ္ဘာ့ရေအရင်းအမြစ် အခြေအနေနှင့် ရေပြဿနာ များ၊ ရေရှားပါးမှုဖြစ်စေသော အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် အခြေ အနေ၊ ရေချွေတာခြင်း၏အကျိုးကျေးဇူးများ၊ လက်တွေ့ကျင့်သုံးနိုင်သော ရေချွေတာနည်းလမ်း များ၊ ရေကို ပြန်လည်အသုံးပြုခြင်း (Water Reuse)၊ ရေရှည်တည်တံ့ ရေအသုံးပြုမှုအတွက် လူမှုအသိုက်အဝန်း၏ အခန်းကဏ္ဍ၊ သစ်တောထိန်းသိမ်းကာကွယ်ခြင်းနှင့် ရေအရင်းအမြစ် ဆက်နွယ်မှု၊ ရေအရင်းအမြစ်များ ထိန်းသိမ်းရန် သစ်တောဦးစီးဌာနမှ ဆောင်ရွက်မှုများကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။

date: 
Sunday, March 22, 2026 - 17:00