ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ
(၂၁-၃-၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သူနာပြု သင်တန်းကျောင်းသူ များ၊ သားဖွားသင်တန်းကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းသူများနှင့် သစ်တော ဝန်ထမ်းများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့အတွက် အဖွင့်အမှာစကားပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ သစ်တောများ နေ့ Video Clip ပြသခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။




