တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည် ပြည်ဆိုင်ရာ သစ်တောများနေ့အား ကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနား တိုင်း ဒေသကြီးအဆင့် ကျင်းပ

(၂၁-၃-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုသင်တန်း ကျောင်းမှ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သူများ၊ ပညာရေးကောလိပ်မှ ကျောင်းအုပ် ကြီး၊ ဆရာ/ ဆရာမများနှင့် သင်တန်းသား/သူများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့မှ အဖွဲ့ဝင်များ၊ ကျား(၁၅၅)ဦး၊ မ(၃၆၂)ဦး၊ စုစုပေါင်း(၅၁၇)ဦး တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးမှ ဂုဏ်ပြု အမှာစကားမြွက်ကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ပိုစတာများ ပြသခြင်း၊ ဗီဒီယိုပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Tuesday, March 24, 2026 - 10:45