ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အား ကြိုဆို သောအားဖြင့် ခရိုင်အဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

(၂၁-၃-၂၀၂၆) ရက်နေ့၊ (၀၈:၃၀) နာရီ၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့် အထိမ်း အမှတ်အခမ်းအနားကို ပြည်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲသီတာခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှုးကြီး လင်းအောင်ပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် များမှ သစ်တောဝန်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော လုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၁၀၆) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး လင်းအောင်ပြည့်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗွီဒီယို ပြသခဲ့ပါကြောင်း သိရှိရသည်။

date: 
Tuesday, March 24, 2026 - 11:15