ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အား ကြိုဆိုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
(၂၁-၃-၂၀၂၆) ရက်နေ့၊ (၀၉:၀၀) နာရီ၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံ မြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်၀ပြည်နယ်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည် နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ ကျောင်း သား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်နယ်/ခရိုင်/မြို့နယ်များမှ သစ်တော ဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၃၇၀)ဦး တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကား မြွက်ကြားခဲ့ပါသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံး/ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရ ကျောင်းသား/ကျောင်းသူများကို ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့မှ ဆုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် သစ်တော/ သစ်ပင်များနှင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်ပညာပေး Vinyl/ ပိုစတာများ၊ ဆုရ စာစီစာကုံး/ ပန်းချီများကို လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း သိရှိရသည်။





