ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အား ကြိုဆိုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
(၂၀-၃-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီ၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ သစ်အခြေခံစက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ ကျား(၁၃၀)ဦး၊ မ(၅၀) ဦး၊ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အပြည် ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုကို ကြည့်ရှု ခဲ့ကြပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ သစ်အခြေခံစက်မှုလက်မှုလုပ်ငန်းရှင် များ၊ မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပိုစတာများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှူးရုံး၊ ရန်ကုန်တိုင်းဒေသ ကြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါကြောင်း သိရှိရသည်။




