မွန်ပြည်နယ်၊ မော်လမြိုင်- သထုံခရိုင်၊ မော်လမြိုင်မြို့နယ်တွင် "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ”

မွန်ပြည်နယ်၊ မော်လမြိုင်- သထုံခရိုင်၊ မော်လမြိုင်မြို့နယ်တွင် သစ်တောဦးစီးဌာန ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကို (၂၉-၄-၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ အောင်တော်မူ၊ မူလွန်ကျောင်း၊ မောင်ငံရပ်ကွက်၌ ကျင်းပပြုလုပ်ရာ မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ဇော်ထူး နှင့် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းတို့က သစ်ပင်သစ်တောနှင့် ရာသီဥတု ပြောင်းလဲမှုလျော့ချရေး၊ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာထိန်းသိမ်းရေး၊ သစ်တော များမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့် သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးအကြောင်းတို့ကို ဟောပြောဆွေးနွေးကြပါသည်။ ဟောပြောပွဲသို့ ဥက္ကဌမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ပညာရေးမှူး၊ မောင်ငံရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး-ပါ (၅)ဦး၊ မော်လမြိုင်မြို့နယ်၊ အောင်တော်မူ၊ မူလွန်ကျောင်း၊ မောင်ငံရပ်ကွက်မှ ဆရာ/ ဆရာမ များနှင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၄၉ဦး) တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, April 30, 2024 - 12:00