သစ်တောဦးစီးဌာန၊ (၁၁/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သစ်တောဦးစီးဌာန၏ (၁၁/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၃-၂၀၂၆)ရက်၊ ကြာသပတေးနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြား သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဦးဖေချစ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေး မှူးများ တက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများ၊ MRRP ဇုန်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်း နှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး များ၊ အထူးစိန်းလမ်းစိုပြည်ရေးဆောင်ရွက်နေသည့် ခရိုင်များအတွင်းမှ လက်ထောက်ညွှန်ကြား ရေးမှူးများက online စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလျာထားချက် များအတွက် ကြိုတင်ပြင်ထားရမည်ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်မှ-၂၀၂၅ ခုနှစ်ထိ ငါးနှစ်တာအလုပ်လွှဲပြောင်းမှတ်တမ်းများအား စနစ်တကျပြုစုထားရှိရန်လို ကြောင်း၊ မကြာမီအချိန်ကာလသည် သစ်ပင်စိုက်ရာသီရောက်ရှိမည်ဖြစ်သောကြောင့် ပြည်နယ် နှင့်တိုင်းဒေသကြီး တာဝန်ခံများအနေဖြင့် ပျိုးပင်လုံလောက်စွာရရှိရေးနှင့် စိုက်ခင်းတည်ထောင် နေမှုလုပ်ငန်းစဉ်များကို သေချာကြီးကြပ် စစ်ဆေးရန်လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် သက်ဆိုင်ရာတာဝန်ခံ အသီး သီးက (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကြိုတင်ပြင်ဆင်နေမှုများအား ရှင်းလင်းတင် ပြပြီး ပြင်ဦးလွင်၊ မိထ္ထီလာ၊ တောင်ကြီး၊ မင်းဘူးခရိုင်တို့မှ ခရိုင်တာဝန်ခံများက အထူးစိမ်းလန်း စိုပြည်ရေးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူ များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။




