ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

(၂၈-၃-၂၀၂၆)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကွင်းပုန်းကျေးရွာ၊ စာသင် ကျောင်းတွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ ကွင်းပုန်းကျေးရွာ တာဝန်ခံ၊ ဒေသခံပြည်သူ ကျား(၄၅)ဦး၊ မ(၄၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၈၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးရန်နိုင်ဖြိုး၊ ဦးစီးအရာရှိမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများနှင့် ရာသီဥတုပြောင်းလဲမျုလျှော့နည်းစေ ရေးကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင် ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Saturday, March 28, 2026 - 20:45