၂၂-၄-၂၀၂၄ ရက်နေ့မှ ၂၈-၄-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၉.၀၉၁၇)တန်၊ သစ်မာ (၆၃.၅၂၉၂)တန်၊ အခြား (၁၃.၉၄၆၂)တန်၊ စုစုပေါင်း (၁၄၆.၅၆၇၁)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၄-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်းဒေသ ကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၂၇/၆)မိုင်၏ အရှေ့ဘက် (၁)ဖာလုံခန့်အကွာရှိ လယ်ကွင်းစပ်မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား စုစုပေါင်း (၂၁၆၇)လုံး/ချောင်း (၃၃.၄၈၆၅) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, April 30, 2024 - 16:15